ဘီးလင်းမြို့၊ အ.ထ.ကခွဲ(မုသင်)ကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

ဘီးလင်း နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာနနှင့်ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲများကိုဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက  အ.ထ.ကခွဲ(မုသင်)ကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏ရည်မှန်းချက်များ အောင်မြင်စေရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေမည့် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် လူငယ်နှင့်စာပေ ဖတ်ရှုခြင်းအကြောင်းတို့ကို ဟော‌ပြောဆွေးနွေးခဲ့သည်။

ထို့နောက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ငလျင်ဘေးအန္တရာယ်သတိပြုကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးစသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့်သုတရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)