ပေါင် နိုဝင်ဘာ ၁၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချနေသည့်ဆိုင်များအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ပေါင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးပြီး စက်သုံးဆီဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီစျေးနှုန်း အတက်အကျပေါ်မူတည်၍ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချရေး၊ စက်သုံးဆီများအား ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရန် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအား မှာကြားခဲ့သည်။
ပေါင်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်တွင် နေ့စဉ်ပုံမှန် ဖွင့်လှစ်ပေးလျက်ရှိပြီး ဒေသခံပြည်သူများအတွက် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန် ပြည်နယ်အစိုးရအဖွဲ့မှလည်း လိုအပ်သည့်အကူအညီများကို ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)