ကျိုက်ထိုမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်မည့် နည်းပညာများနှင့် စပါးအထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းနှင့် အကြိုစစ်တမ်းကောက်ယူခြင်း ပညာပေးသင်တန်း ဖွင့်လှစ်

ကျိုက်ထို နိုဝင်ဘာ ၁၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်မည့် နည်းပညာများနှင့် စပါးအထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းနှင့် အကြိုစစ်တမ်းကောက်ယူခြင်းပညာပေးသင်တန်းကို နိုဝင်ဘာလ (၁၇) ရက် နံနက်ပိုင်းက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းဗိုလ်က သင်တန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စပါးထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းနှင့် အကြိုစစ်တမ်းကောက်ယူခြင်းကို ဆွေးနွေးပို့ချပြီး ပြည်နယ်မြေ၊ မျိုး၊ ရေ၊ နည်းဘာသာရပ်ကျွမ်းကျင်သူများမှ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့ရှိ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးတို့အား စာတွေ့လက်တွေ့ (၂) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)