မော်လမြိုင် နိုဝင်ဘာ ၁၄
မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင်ရောက်ရှိနေထိုင်သော အသက် (၁၈)နှစ်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ယာယီနေရပ်စွန့်ခွာ တိုက်ပွဲရှောင်ပြည်သူများအနက် နိုင်ငံသား စိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး/ အသစ်ပြုလုပ်ရမည့်သူ (၁၇)ဦးရှိရာ ၎င်းတို့အနက် (၇) ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ပြီး ကျန်(၁၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများအမြန်ဆုံးရရှိနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ညှိနှိုင်းဆွေးနွေးကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင်၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ(ရပ်/ကျေး)များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်