မွန်ပြည်နယ်

၂၀၂၂-၂၀၂၃ ခု  ပညာသင်နှစ် မူလတန်းအဆင့် ရှေးဦးသူနာပြုစုခြင်း မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်းဖွင့်လှစ်သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတတန်းအဆင့် ရှေးဦးသူနာပြုစုခြင်း မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် Y.M.B.A အသင်း(ဗဟို)က ကြီးမှုးကျင်းပသော (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မင်းကျောင်းသာသနာ့ဗိမာန်၌ ယမန်နေ့ (၉) နာရီအချိန်က ဗိမာန်တော်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုဆို ဂုဏ်ပြုသောအားဖြင့် Y.M.B.A အသင်း(ဗဟို)က ကြီးမှုးကျင်းပသော (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုခြင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(မွန်ပြည်နယ်တာဝန်ခံ)မှ မဲစာရင်းများပြည့်စုံမှန်ကန်ရေး(CROSS CHECK)စနစ်ဖြင့် စိစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ်တာဝန်ခံများနှင့်လာရောက်တွေ့ဆုံ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေး(CROSS CHEAK)စနစ်ဖြင့် စိစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ယမန်နေ့ နေ့လယ်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ)ဦးသန်းဝင်းနှင့် ပြည်နယ်/ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများသည် မော်လမြိုင်မြို့နယ် အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းတွင် လာရောက်တွေ့ဆုံခဲ့သည်။

မုဒုံမြို့၌ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲကျင်းပ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း  YMBA  (ဗဟို)က ကြီးမှူးကျင်းပသော  (၃၈)ဖြာမင်္ဂလာတရား တော်နှင့်ဗုဒ္ဓဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။ 

၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ အရအသုံးခန့်မှန်း ခြေငွေစာရင်း တင်ပြချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်၀န်ကြီးချုပ်တက်ရောက်

၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် မွန်ပြည် နယ်၏အရအသုံးခန့်မှန်းခြေငွေစာရင်း တင်ပြချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်​နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​ဆောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းပြည်နယ်အစိုးရ အဖွဲ့၀င် ၀န်ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ရေးမြို့တွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြိုနယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မုဒုံမြို့၌ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲကျင်းပ

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိနိုင်ရေးအတွက် မွန်ပြည်နယ် မုဒုံမြို့နယ်၌ မြေပြင်စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှဖွင့်လှစ်သော မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရွှေဟင်္သာခန်းမ၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမြို့နယ်အဆင့် နည်းပြသင်တန်းပို့ချ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့်အညီနေထိုင်လျက်ရှိသော လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဥပဒေနှင့်အညီနေထိုင်လျက်ရှိသော လူဦးရေစာရင်းများကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခြင်း (Cross Check) လုပ်ငန်းနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊ ပြည်နယ်အဆင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 မူလတန်းအဆင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး မူလတန်းအဆင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်က မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်