ရေး ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြိုနယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးမှူးဦးစန်းမင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးကိုကိုဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်ကြားပို့ချမှုအား ဂရုတစိုက်လေ့လာမှတ်သားကြရန် ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်းရေးမှူး လူ၀င်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက ရပ်ကွက်၊ ကျေးရွာများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယားများ တိကျမှန်ကန်စေရေး စာတွေ့/လက်တွေ့ သင်တန်းဆိုင်ရာ ကိစ္စရပ်များအား သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပြီး မြို့နယ်အတွင်းရှိ ရက်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၈၀)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)