မုဒုံ ဒီဇင်ဘာ ၂၇
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA (ဗဟို)က ကြီးမှူးကျင်းပသော (၃၈)ဖြာမင်္ဂလာတရား တော်နှင့်ဗုဒ္ဓဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
စာမေးပွဲဖြေဆိုသည့် အခမ်းအနားသို့ မုဒုံမြို့နယ် YMBA ဗုဒ္ဓဘာသာကလျာဏ ယုဝ အသင်း၏ နာယကဆရာတော် ဥူးဓမ္မသေန (ဓမ္မဂုဏ်ရည်ကျောက်ဝိုင်းကျောင်း) ၊ ဥူးစန္ဒန (ကျောင်းသစ်ကျောင်း) ဆရာတော်ကြီးများ၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မုဒုံမြို့နယ် YMBA ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ဒုဥက္ကဌ ဦးအောင် မြိုင်နှင့်အသင်းဝင်များ၊ (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား/သူများ စုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ စာမေးပွဲဖြေ ဆိုရာတွင် မုဒုံမြို့နယ်အတွင်းရှိ ကော့ပရံကျေးရွာ (အလ က)၊ ကမာဝက်မြို့ (အလက)၊ နိုင်ပြိုင်ကျေးရွာ(မူလွန်)၊ ကွေ့ဝမ်းကျေးရွာ (အမက)တို့ မှ အကြီးတန်း (၃)ဦး၊ အလတ်တန်း(၂၃)ဦး၊ အငယ်တန်း(၁၉၅)ဦး စုစုပေါင်း ကျောင်းသား/သူ ၂၂၁ ဦး တို့မှ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကာ စာမေးပွဲကြီးကြပ် ဆရာတော်များအဖြစ် မုဒုံမြို့နယ် YMBA အသင်း၏ နာယကဆရာတော်မှ ကြီးကြပ် ဆောင်ရွက်သွားမည် ဖြစ်သည်။
အဆိုပါစာမေးပွဲကို အမျိုးဘာသာ သာသနာပညာထွန်းကားပြီး ဦးဆောင်နိုင်စေရန် ၊ နောင်အနာဂတ်တွင် တိုင်းပြည်၏လူတော်လူကောင်းများဖြစ်စေရန်နှင့်ကျောင်းသားကျောင်းသူ သားငယ်သမီးငယ်တို့၏ နှလုံးသားတွင် ဘာသာယဥ်ကျေးမှုတည်ကိန်း လိမ္မာစေရန်အတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း မုဒုံမြို့နယ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းမှ သိရှိရသည်။
သားငယ် (ပြန်/ဆက်)