ချောင်းဆုံ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး မူလတန်းအဆင့် ရှေးဦးသူနာပြုစုခြင်းသင်တန်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်က မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသိုက်က အဖွင့်အမှာစကားပြောကြားသည်။ သင်တန်းတွင် သွေးထွက်ခြင်းဖြစ်နေသူအား ရှေးဦးပြုစုခြင်း၊ သွေးလန့်သွေးဆုတ်ခြင်း၊ သတိလစ်မေ့မျောနေသူအား ရှေးဦးပြုစုခြင်း၊ နှစ်လုံးရပ်ဆိုင်းနေသူအား နှလုံးနှိုးဆွအား ကူနည်းဖြင့် ရှေးဦးပြုစုခြင်း၊ အပူလောင်ခြင်း၊ အရိုးကျိုးခြင်း၊ အဆိပ်သင့်ခြင်း၊ မျက်စိဒဏ်ရာရခြင်းနှင့် အတက်ရောဂါ ရှေးဦးပြုစုခြင်းဆိုင်ရာ ဘာသာရပ်များကို ကျေး/လက်ကျန်းမာရေးမှူး ဦးမင်းယဉ်ထွေး၊ မူ/အုပ်ဦးစိုးပြည့် အာကာနှင့် မြို့နယ် (မိခင်ကလေး/ကျောင်းကျန်းမာ/အဟာရဌာန) အမျိုးသမီးကျန်းမာရေးဌာန ကျန်းမာရေးဆရာမဒေါ်ယဉ်ညိုခင်တို့က နည်းပြအဖြစ်ပို့ချပြီး အခြေခံပညာကျောင်းများမှဆရာ/ဆရာမ (၁၁၁) ဦး သင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းကာလ(၂)ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)