(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုဆိုဂုဏ်ပြုသောအားဖြင့် Y.M.B.A အသင်း(ဗဟို)က ကြီးမှုးကျင်းပသော (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆို

ချောင်းဆုံ ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မင်းကျောင်းသာသနာ့ဗိမာန်၌ ယမန်နေ့ (၉) နာရီအချိန်က ဗိမာန်တော်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုဆို ဂုဏ်ပြုသောအားဖြင့် Y.M.B.A အသင်း(ဗဟို)က ကြီးမှုးကျင်းပသော (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုခြင်းကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဖြေဆိုရာသို့ ချောင်းဆုံမြို့နယ် Y.M.B.A ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ နာယကဆရာတော် ဥူးဝါယမိန္ဒ (မရမ်းကျောင်းတိုက်၊ မရမ်းကျေးရွာ၊ ချောင်းဆုံမြို့နယ်) နှင့် ချောင်းဆုံမြို့နယ် Y.M.B.A အသင်း၏ နာယကဆရာတော်များ၊ ချောင်းဆုံမြို့နယ် Y.M.B.A ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌ ဦးနေဝင်းနှင့် Y.M.B.A အသင်းဝင်များ၊ ကြီးကြပ်ဆရာမများ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/သူ ၆၄ ဦး အပါအဝင် ၈၀ ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ဗုဒ္ဓဝင်စာမေးပွဲဖြေဆိုရာ၌ အငယ်တန်းတွင် စာရင်းရှိ ကျောင်းသား/သူ (၇၀) ဦး၊ ဖြေဆို ကျောင်းသား/သူ (၆၄) ဦး၊ ပျက်ကွက် (၆) ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)