ချောင်းဆုံမြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမြို့နယ်အဆင့် နည်းပြသင်တန်းပို့ချ

ချောင်းဆုံ ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းက မြို့နယ်အလိုက် လူဦးရေစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူကြမည့် စာရင်းကောက်အဖွဲ့များမှ စာရင်းကောက်အဖွဲ့ခေါင်းဆောင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြည်နယ်အဆင့်နည်းပြသင်တန်းတက်ရောက်ခဲ့သည့် နည်းပြများမှ ဆင့်ပွား သင်တန်းပို့ချခြင်းဖြစ်ကြောင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်း တတိယအဆင့်တွင် အိမ်ထောင်စုလူဦးရေးစာရင်းများကို Severr မှ Download ဆွဲ Print ထုတ်ယူပြီးသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေပြင်လူဦးရေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်စစ်ဆေးသည့်လုပ်ငန်းဖြစ်သည့်အတွက် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

ချောင်းဆုံမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်းစာရင်းကောက်ယူရေးအတွက် ခန့်မှန်းလူဦးရေ(၁၈၁၀၇၉)ဦး၊ အိမ်ထောင်စု(၃၄၂၆၃)စုရက်(၂၀)အတွင်း စာရင်းကောက်ယူနိုင်ရန် မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီကို အဖွဲ့ဝင်(၃၄)ဦးဖြင့်ဖွဲ့စည်းခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စုမြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီကိုအဖွဲ့ဝင်(၄၇)ဖွဲ့ဖြင့်ဖွဲ့စည်းခဲ့ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်တစ်အိမ်တက်ဆင်းစာရင်းကောက်ယူရေးအဖွဲ့(၆၉)ဖွဲ့ရှိကြောင်း အဆိုပါကွင်းဆင်းခြင်း စာရင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)