မွန်ပြည်နယ်

မုဒုံမြို့နယ်တွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီက ဦးစီးပြီး(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ထုံမံကျေးရွာ အားကစားကွင်းတွင် ကျင်းပသည်။

ပေါင်မြို့နယ်တွင် (၇၆) နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို  ကဒါရပ်ကွက်၊ ကမ္ဘာအေးစေတီဘုရား၌ ယမန်နေ့ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။ရှေးဦးစွာ (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့အား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးခဲ့ကြသည်။

သထုံမြို့နယ်တွင် (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်ရပ်ကွက်၊ မင်းတဲစုရပ် အမက(လွန်)ကျောင်း၌ ယနေ့နံနက်က အကျဉ်းချုံ့၍ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အလံတင် အခမ်းအနားကို ယနေ့နံနက် ၅ နာရီ က ကျိုက်မရောမြို့ ဆုတောင်းပြည့် ဘုရားကြီးဝင်းအတွင်းရှိ မွန်အမျိုးသားနေ့ မဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။

(၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား သံဖြူဇရပ်မြို့နယ် မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ (၇၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၇နာရီ ခွဲအချိန်က မွန်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်းမွန်ပြည်နယ်အတွင်းရှိ နေရပ်ပြန် မြန်မာနိုင်ငံသားများကို လှိုက်လဲ​နွေး​ထွေးစွာကြိုဆို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန် မြန်မာနိုင်ငံသားတို့အား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့်

သထုံ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မား‌ရေး လူငယ်စကား ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲ အခမ်းအနားတက်​ရောက်

မွန်ပြည်နယ်အတွင်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို နှစ်စဉ် တပို့တွဲလရောက်ရှိတိုင်း အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်၏ (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ​ဖေ​ဖော်ဝါရီလ ၃ ရက်​နေ့၊ ည​နေပိုင်းက ​မော်လမြိုင်မြို့၊ သံလွင်ဥယျာဥ်၊ ​​တောင်ဘက်ကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်ခဲ့သည်။

ကျိုက်မရောမြို့နယ်အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုပပျောက်ရေး အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ လူကုန်ကူးမှုအကြောင်းပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အ.လ.က သင်ဃန်းချောင်ကျောင်းရှေ့ ဘောလုံးကွင်း၌ ပြုလုပ်ခဲ့သည်။

နည်းပညာတက္ကသိုလ်(မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား

နည်းပညာတက္ကသိုလ်(မော်လမြိုင်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်သည့် ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့်ကျောင်းသား/ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to မွန်ပြည်နယ်