မွန်ပြည်နယ်

ချောင်းဆုံမြို့နယ် ရွာလွတ်(အ.ထ.က)ကျောင်းတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက (အ.ထ.က)ရွာလွတ်ကျောင်း ပညာဂုဏ်ရောင်ခန်းမတွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယနေ့ နံနက်ပိုင်းက ပေါင်မြို့၊ ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။

မော်လမြိုင်မြို့တွင် ပြည်ထောင်စုနေ့အကြို လူငယ်စကားဝိုင်းကျင်းပခြင်းနှင့် သတင်းစကားလက်ကမ်းဖြန့်ဝေခြင်းများဆောင်ရွက်

မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ လူအများရှေ့မှောက်တွင်ပြောရဲ၊ ဆိုရဲသည့်သတ္တိရှိစေပြီး နှုတ်မှုစွမ်းရည်များတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(မော်လမြိုင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့ အ.လ.က (ကျိုက်ပိ)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (BookClub) တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာအလယ်တန်းကျောင်း (ကျိုက်ပိ )၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်ကျင်းပြသခြင်းကို နံနက်ပိုင်း၌ ဘီးလင်းမြို့နယ် အနိုင်းပွန်ကျေးရွာမူလတန်းလွန်ကျောင်းနှင့် နေ့လယ်ပိုင်း၌ သစ်တိုကျွန်းကျေးရွာ မူလတန်းကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။

အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

စာဖတ်ရှိန်မြင့်မားပြီးအသိပညာ ဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မုဒုံမြို့နယ် အ.ထ.က(ခွဲ) ဗိုလ်တေဇကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် လိုက်လံဖွင့်လှစ်ပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယ‌နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်ရှိ အ.ထ.က မင်းတန်း အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

မုဒုံမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီးအသိပညာ ဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အ.လ.က သ​င်္ဘောဦးကျောင်း၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေကြောင်း သိရသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း တက်ရောက်

မွန်ပြည်နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ည​နေပိုင်းက ​မော်လမြိုင်မြို့၊ ငန်း​တေးဂေါက်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက် အားကစားဝါသနာရှင်များ တက်​ရောက်ခဲ့သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး​အောင်ကြည်သိန်းတက်​ရောက်

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မ​ရွေး ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်နိုင်​​ရန် အားကစားနည်းအလိုက်ပြိုင်ပွဲများ ကျင်းပခြင်းများ ​​ဆောင်ရွက်လျက်ရှိရာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ​ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​​အောင်ကြည်သိန်း၊ အရှေ့​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်အဆင့်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်​ရောက်သည်။
Subscribe to မွန်ပြည်နယ်