မွန်ပြည်နယ်

ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မိုးစပါးရိတ်သိမ်းပြီးစီး၍ နေကြာ၊ ပဲစသည့်  ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအနေဖြင့် အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြိုနယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ  စိုက်ပျိုးစရိတ်ချေးငွေများကို ဒီဇင်ဘာလပထမအပတ်မှစ၍ ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာ(၁၃)ရက်နေ့တွင် ကျေးရွာ(၄)မှ တောင်သူ(၅၃)ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေကျပ်(၂၉၂)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်း၌ တရားမဝင်ကုန်ပစ္စည်းများ တားဆီးကာကွယ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ခရိုင်/မြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးကာကွယ်ရေးအဖွဲ့က မုန်းလိုက်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးသူငယ်များ အစာအာဟာရကျွေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးခြင်း (မြို့နယ်အဆင့်)သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အဆင့်လူထုအတွင်း အသက်(၂)နှစ်အောက်ကလေးသူငယ်များအစာ အာဟာရကျွေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အသက်(၁၅)နှစ်အောက် ရာမည FC ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနား တက်ရောက်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော FIFA-MFF U-15 LEAGUE 2023 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် အသက်(၁၅)နှစ်အောက် ရာမည FC ဘောလုံးအားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်တွင် မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်  အောင်ရတနာစျေးသစ်၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး

ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာရှိ အောင်ရတနာစျေးသစ်ကြီးအား မီးဘေးအန္တရာယ်မကျရောက်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

မုဒုံမြို့ အ.လ.က (ခွဲ) သင်္ဘောဦး စာသင်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ)သင်္ဘောဦး စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုချီးမြှင့်ပူဇော်မည့် (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက

၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲအောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုချီးမြှင့်ပူဇော်မည့် (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်သည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့မှ စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာ‌ပေချစ်သူများအသင်း(Book Club)တို့ပူးပေါင်း၍ ဘုန်းမြင့်သွေး(သုတေသီ) ရေးသားသည့် “ထူးချွန်ချင်တဲ့စိတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် အာဖရိကဝက် အပျင်းဖျားရောဂါ ပညာပေးသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့်   ပြည်သူများအနေဖြင့် ဝင်ငွေပိုမိုရရှိအောင် စနစ်တကျ မွေးမြူနိုင်ရေးအတွက်  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်နှင့် အာဖရိက ဝက်အပျင်းဖျားရောဂါ ပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက ကုလားဘီကျေးရွာ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် စတင် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက (အ.မ.က)  ထန်းတောကျောင်း၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်