မွန်ပြည်နယ်

ချောင်းဆုံမြို့နယ် ကရင်ဝင်းစိန်(အ.ထ.က-ခွဲ)ကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ပြည်သူများ လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မော်လမြိုင်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု  အမှတ်(၉)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၂)နာရီက ကရင်ဝင်းစိန်(အ.ထ.က-ခွဲ)ကျောင်းတွင် ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် “ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနား တက်ရောက်

၂၀၂၃ ခုနှစ်၊ မွန်ပြည်နယ် “ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက် ရောဂါတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မျိုးစေ့ချကိရိယာကို အသုံးပြု၍ နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနား တက်ရောက်

“စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်း ဆီစားသုံးမှုဖူလုံရေးနှင့် နေကြာစိုက်တောင်သူများအား နေကြာစိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မျိုးစေ့ချကိရိယာကို အသုံးပြု၍ နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ တောင်သူဦးသိန်းဝင်း၏စိုက်ကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်

ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျိုင်းတုံတက္ကသိုလ်တွင် ကျင်းပသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ရွေးချယ်နိုင်ရေး ကွင်းဆင်းကြည့်ရှု

ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာစာသင်ကျောင်း (၁၁၁)ကျောင်းမှ ၂၀၂၃ ပညာသင်နှစ် (Clean & Green) သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရွေးချယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ချောင်းဆုံ(အ.ထ.က)ကျောင်းနှင့် ခလော့ခနိုင်း(အ.မ.က)ကျောင်းတို့အား မော်လမြိုင်ခရိုင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ရွေးချယ်ရေးစိစစ် အကဲဖြတ်ရေးအဖွဲ့ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့ လူထုအခြေပြူဗဟိုဌာန၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်တွင် အချိန်တိုအတွင်း ဝင်ငွေရရှိသည့် ငွေနှင်းမှိုစိုက်ပျိုးသူ များပြားလာ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ငွေနှင်းမှိုကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး ယခု ဆောင်းရာသီအချိန်တွင် အချိန်တိုအတွင်း မိသားစုဝင်ငွေပိုမိုရရှိလာကာ ကျေးရွာများတွင်  မှိုစိုက်ပျိုးရောင်းချသူ များပြားလာသည်။

ရွာငံမြို့နယ်၌ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာများ ဆွေးနွေး

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုများ မြင့်မားလာစေရန် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ဆွေးနွေး ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်မှန် စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်