ချောင်းဆုံမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ချောင်းဆုံ ဒီဇင်ဘာ ၁၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မိုးစပါးရိတ်သိမ်းပြီးစီး၍ နေကြာ၊ ပဲစသည့်  ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူများအနေဖြင့် အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြိုနယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ  စိုက်ပျိုးစရိတ်ချေးငွေများကို ဒီဇင်ဘာလပထမအပတ်မှစ၍ ထုတ်ပေးလျက်ရှိရာ ဒီဇင်ဘာ(၁၃)ရက်နေ့တွင် ကျေးရွာ(၄)မှ တောင်သူ(၅၃)ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေကျပ်(၂၉၂)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်တောင်သူများအတွက် စိုက်ဧက(၁)ဧကလျှင်(၁)သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ သိန်းပေါင်း(၁၂၀၀)ကျော် ထုတ်ချေးပေးနိုင်ရေးလျာထားလျက်ရှိကြောင်း၊ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ကျေးရွာ(၉)ရွာမှ တောင်သူ(၁၁၁)ဦး၏ စိုက်ဧက(၅၈၄)ဧကအတွက် ငွေကျပ်သိန်းပေါင်း(၅၈၄)သိန်း ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ  အချိန်မီထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)မှ သိရသည်။

မြို့နယ်(ပြန်/ဆက်)