မွန်ပြည်နယ်

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်း ဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နံရံကပ်ပိုစတာ ပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၂)  အ.မ.က(ကျိုက်ရွဲ) စာသင်ကျောင်း၌ ပြုလုပ်သည်။

မုဒုံမြို့နယ်တွင် စက်သုံးဆီကို သတ်မှတ်စျေးနှုန်းထက် ကျော်လွန်ရောင်းချပါက ထိရောက်စွာ အရေးယူမည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားကဏ္ဍများတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆီဆိုင်ပိုင်ရှင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ကျိုက်ထိုမြို့ အ.လ.က(ကျိုက်ပိ)၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့်  စာပေချစ်သူများအသင်းတို့ ပူးပေါင်း၍  လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျိုက်ထိုမြို့၊ အခြေခံပညာအလယ်တန်းကျောင်း(ကျိုက်ပိ)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း  နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက (အ.မ.က)  ဂွေးပင်ချောင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ စက်သုံးဆီများရောင်းချသည့် ဆီဆိုင်များတွင် စက်သုံးဆီများ ရောင်းချနေမှုအခြေအနေများကို ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးသိပ္ပံ (သထုံ) တို့ပူးပေါင်း၍ ဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၈၈) စက်မှုလယ်ယာစခန်း၊ လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်း၌ ကျင်းပခဲ့သည်။

ကျိုက်မရောမြို့၌ တိုင်ထောင်ပဲထောင့်ရှည်သီး တစ်နိုင်တစ်ပိုင်  စိုက်ပျိုးသူများ အထွက်နှုန်းကောင်း၍ မိသားစုဝင်ငွေတိုး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာတွင် ဆောင်းသီးနှံ ပဲထောင့်ရှည်သီးများအား တစ်နိုင်တစ်ပိုင်  စိုက်ပျိူးလျက်ရှိရာ အသီးများ အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။ ဆောင်းသီးနှံပဲထောင့်ရှည်များသည် ရာသီဥတုကောင်းမွန်၍ ယခုနှစ်မှာ ပိုမိုထွက်ရှိကြောင်း  ယခုချိန်တွင် ပဲသီးစျေးလည်း စျေးကွက်ရှိသဖြင့် စိုက်ပျိုးသူများ ပိုမို အဆင်ပြေလျက်ရှိကြကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်အတွင်းလယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေ အပါအဝင် အခြားလုပ်ငန်းကဏ္ဍများတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် မွန်ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အသေးစားနှင့်အလတ်စား စက်သုံးဆီဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ စက်သုံးဆီ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရေးအသင်းများ ဖိတ်ကြားထားသူများ တက်ရောက်သည်။

မုဒုံမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေးဟောပြော

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က  အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ဗိုလ်တေဇ၌ ပြုလုပ်ခဲ့သည်။

သထုံမြို့၌ (၂၀၂၃)ခုနှစ် အစိုးရအဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် (၇၀) ကြိမ်မြောက် အဘိဓမ္မာရိုးရိုး (၆၇)ကြိမ်မြောက် အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် (၆၅)ကြိမ်မြောက် ဝိသုဒ္ဓိမဂ်စာမေးပွဲတို့ကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က မြသပိတ်တောင်ခြေ၊ သဒ္ဒမ္မဇောတိကာရာမကျောင်းတိုက်ဝင်းအတွင်းရှိ သုဝဏ္ဏဘူမိပရိယတ္တိသာသနာ့ဟိတအသင်း စာဖြေဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်