မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုချီးမြှင့်ပူဇော်မည့် (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက

မော်လမြိုင်    ဒီဇင်ဘာ   ၁၂

၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲအောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုချီးမြှင့်ပူဇော်မည့် (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်သည်။

အစည်းအဝေးတွင် ၂၀၂၃ ခုနှစ်၊ (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီနာယက၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၃ ခုနှစ်၊ မော်လမြိုင်မြို့နယ် စာဖြေဌာနတွင် အစိုးရဓမ္မာစရိယနှင့်ပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် စာအောင်ဆုချီးမြှင့်ခြင်း ပြန်လည်ကျင်းပဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်သံဃာနာယကဆရာတော်များနှင့် မြို့နယ်သံဃာနာယက ဆရာတော်ကြီးများထံ ပြည်နယ်သာသနာရေးမှူးမှ လျှောက်ထားခဲ့ရာ ကျင်းပနိုင်ရေး ဝမ်းသာအားရမိန့်ကြားခဲ့သည့်အတွက် ယခုနှစ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှကျင်းပသော ပရိယတ္တိစာမေးပွဲတွင် အောင်မြင်တော်မူကြသော မော်လမြိုင်စာဖြေဌာနမှ ဓမ္မာစရိယစာအောင်သံဃာတော်(၅၁)ပါး၊ သီလရှင်(၂)ပါး စုစုပေါင်း(၅၃)ပါးနှင့် ပထမပြန် စာအောင်သံဃာတော်(၈၁၁)ပါး၊ သီလရှင်(၇၁)ပါး၊ စုစုပေါင်း(၈၈၂)ပါး၊ စာအောင်သံဃာတော်နှင့် သီလရှင်စုစုပေါင်း(၉၃၅)ပါးတို့အား စာအောင်ဆုများ ချီးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ မော်လမြိုင်မြို့နယ် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုချီးမြှင့်ပူဇော်မည့် (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းအသီးသီးကိုလည်း ဖွဲ့စည်းတာဝန် ပေးအပ်ထားပြီးဖြစ်သည့်အတွက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေးအကြုံပြု တင်ပြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ်သာသနာရေးမှူးက (၄၁)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခြင်းအတွက် ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက အကြုံပြုဆွေးနွေးခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်များပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)