ကျိုက်မရော ဒီဇင်ဘာ ၁၂
ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာရှိ အောင်ရတနာစျေးသစ်ကြီးအား မီးဘေးအန္တရာယ်မကျရောက်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က စျေးအတွင်းရှိ စျေးဆိုင်ခန်းများအတွင်း သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများအား အန္တရာယ်ကင်းမှု ရှိ/မရှိ၊ စျေးဆိုင်ခန်းများ၌ မီးသတ်ဆေးဘူးများ ထားရှိမှု၊ မီးသတ်ရေကန်နှင့် မီးငြိမ်းသတ်ရေးပစ္စည်းများ အဆင်သင့်ထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး ကြည်ရူခဲ့ကြပြီး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို စျေးသူ၊ စျေးသားများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)