ကျိုက်ထို ဒီဇင်ဘာ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)တို့ပူးပေါင်း၍ ဘုန်းမြင့်သွေး(သုတေသီ) ရေးသားသည့် “ထူးချွန်ချင်တဲ့စိတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိဒေါ်သန်းသန်းမော်က စာဖတ်ဝိုင်းပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဝင်ဦးတင်ထွေး၊ ဦးလှထွန်းနှင့် ဒေါ်တင်ထားအေးတို့က အဆိုပါစာအုပ်မှ သိမှတ်ဖွယ်ရာအကြောင်းအရာတို့ကို ကဏ္ဍအလိုက် ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသော အဖွဲ့ဝင်များနှင့်ကျောင်းသား/သူများက အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊ အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်