မွန်ပြည်နယ်

ပေါင်မြို့နယ်၌ မိုးစပါးရာသီပေါ်ဆန်းရင် (RS-CS) စီးပွားဖြစ်မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS) မျိုးစေ့များပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီပေါ်ဆန်းရင် (RS-CS)စီးပွားဖြစ်မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို မေလ ၂၀ ရက်နေ့ နံနက်(၁ဝ)နာရီက ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း ဖွင့်ပွဲအခမ်းအနားကို မေလ ၂၀ ရက်နေ့ နံနက်(၁၀)နာရီက ဘန့်ဘွေးကုန်းကျေးရွာအုပ်စု အလက(ခွဲ)မုကျိကျောင်း၌ ပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ တတိယသီးနှံ နွေနှမ်းစိုက်ဧကများ အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံစေရန်နှင့် တောင်သူများ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ကော့မုပွန်ကျေးရွာ ကော့မုပွန်ကွင်း ကွင်းအမှတ် (၆၃၇)တွင် တောင်သူ ဦးကျော်ဝင်းတင့်၏ စမ်းသပ်စိုက်ပျိုးထားသည့် တတိယသီးနှံ နွေနှမ်း စိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်ပေါင်မြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အ.ထ.က ပေါင် ကျောင်း၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်းနှင့်ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ကြဲခင်းစနစ်လျှော့ချနိုင်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို မေလ ၂၀ ရက်နေ့၊  နံနက်ပိုင်းက  ကျုံကဒက်ကျေးရွာ  တောင်သူဦး​ကျော်ဆန်း၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်းနှင့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး၊ ကြဲခင်းစနစ်လျှော့ချနိုင်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ကျိုက်ပိကျေးရွာ  တောင်သူဦးသီဟလွင်၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းအနီးတို့၌ စုပေါင်းပြုလုပ်ခဲ့ကြသည်။

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းတို့ကို မေလ ၂၁ ရက်နေ့နံနက်က သထုံခရိုင် ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ဘေးအန္တရာယ်ကင်းစွာ သွားလာနေထိုင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ သထုံမြို့၌ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ စီစဉ်ကျင်းပသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ဘေးအန္တရာယ်ကင်းစွာ သွားလာနေထိုင်ခြင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို မေလ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်