ပေါင်မြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဖွင့်လှစ်

ပေါင်  မေ   ၂၂

မွန်ပြည်နယ်ပေါင်မြို့နယ်၌  မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အ.ထ.က ပေါင် ကျောင်း၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်အတွင်းရှိ အလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်၊ သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်နှင့် သတ်မှတ်ထားသော စံညွှန်းများ တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိသုံးရက်ကြာ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါသင်တန်းတွင်အလယ်တန်းအဆင့်သင်တန်း နည်းပြ (၈) ဦးက သင်တန်းသား၊ သင်တန်းသူ(၁၁၉)ဦးအား မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်များကိုလည်း‌ကောင်း မူလတန်းအဆင့် သင်တန်းနည်းပြ (၃၂) ဦးက သင်တန်းသား၊ သင်တန်းသူ (၄၉၄) ဦးအား (K.G)မှ (Grade-4 )အထိ သင်ရိုးညွှန်းတန်း ဘာသာရပ်များကိုလည်းကောင်း စာတွေ့လက်တွေ့ သင်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)