မွန်ပြည်နယ်

ပေါင်မြို့နယ်၌တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၅ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်‌ချေးပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ ‌လာရောက်ထုတ်ယူလျက်ရှိကြသည်။

သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် လူငယ်များစာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက ပေါ်တော်မူကျေးရွာရှိ "လူငယ်အလင်းရောင်" စာကြည့်တိုက်၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပြီး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

ပေါင်မြို့နယ်သစ်တောဦးစီးဌာန၌ ၂၀၂၅ခုနှစ် လူထုဖြန့် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ( ၂၅၀၀၀ ) ကျော် ပျိုးထောင်ထားရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သစ်တောဦးစီးဌာန၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြေစေရန်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီတွင် လူထုဖြန့်စိုက်ပျိုးရန်  ကျွန်း၊ ပျဥ်းကတိုး၊ စိန်ပန်းကြီး၊ မန်ဂျန်ရှား၊ မဟော်ဂနီစသည့် ပျိုးပင်ပေါင်း ( ၂၅၀၀၀)ပင်ကို နည်းလမ်း(၉)သွယ်ဖြင့် ဖြန့်ဝေစိုက်ပျိုးသွားရန် ပျိုးထောင်ထားရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် မိုးစပါးရာသီတွင် ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစပါးများပေးအပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ ခေါင်နှံစနစ်ဖြင့် စိုက်ပျိုး၍ မျိုးသန့်ပွားခြင်းကွင်းသရုပ်ပြပွဲနှင့် မျိုးစပါးများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဘဲရမ်းကျေးရွာရှိ တောင်သူဦးဘသိန်း ကွင်းအမှတ် (၈၄၃)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ စတင်ထုတ်ပေး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို မေ ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ် နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။

သထုံမြို့နယ်၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကျန်းမာရေးအသိပညာပေးသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးသင်တန်းကို မေလ ၂၀ ရက်နေ့၊ နံနက်ပိုင်းက ဇရစ်ချောင်ကျေးရွာရှိသာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များကိုသက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို မေလ ၂၁ ရက်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝါရီရူခန်းမ၌ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်‌သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့်မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆင်းပွဲကို မေလ ၂၀ ရက်နေ့၊မွန်းလွဲ ၂ နာရီတွင် ကျိုက်ထိုမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ မိုးစပါးရာသီပေါ်ဆန်းရင် (RS-CS) စီးပွားဖြစ်မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS) မျိုးစေ့များပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီပေါ်ဆန်းရင် (RS-CS)စီးပွားဖြစ်မျိုးသန့် ဧက (၅၀) ထုတ်လုပ်ရေးအတွက် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို မေလ ၂၀ ရက်နေ့ နံနက်(၁ဝ)နာရီက ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်