ပေါင် မေ ၂၂
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းအနီးတို့၌ စုပေါင်းပြုလုပ်ခဲ့ကြသည်။
မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးနှင့် အခြခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” စာသားပါ ဗွီနိုင်းမြေစိုက်ပိုစတာကို စုပေါင်းစိုက်ထူခဲ့ကြသည်။
အဆိုပါ မြေစိုက်ပိုစတာကို မြန်မာ့ပညာရေးစနစ် တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် အခွင့်အလမ်းရရှိစေရေးတို့ကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် စိုက်ထူခြင်းဖြစ်ပြီး ယခုနှစ် မေလ(၂၂)ရက်နေမှ ဇွန်လ(၁)ရက်နေ့အထိအား ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)