သထုံမြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းပြုလုပ်
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာစင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ ဖွင့်လှစ်ပေးပို့ချပေးလျက်ရှိကြောင်း သိရသည်။