ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ပေါင်      မေ     ၂၂

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ရင်းငြိမ်မြောက်ကျေးရွာ၊ ကွင်းအမှတ် (၇၄၄) ရှိ တောင်သူ (၁၁) ဦး၏လယ်မြေဧက (၁၀၀)၊ သဗြုချောင်ကျေးရွာ ကွင်းအမှတ် (၇၄၈)ရှိ တောင်သူ(၉)ဦး၏လယ်မြေဧက (၁၀၀)၊ ရွာတန်းရှည်ကျေးရွာ၊ ကွင်းအမှတ် (၇၆၇/၇၆၈) ရှိ တောင်သူ (၁၀) ဦး၏လယ်မြေဧက (၁၀၀) စုစုပေါင်း လယ်မြေဧက (၃၀၀)ကို  စက်မှုလယ်ယာဦးစီးဌာနမှ မွန်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးချိန် ရာသီအမီ အဆင့်မြင့်လယ်မြေ ဖော်ထုတ်ခြင်းနှင့် စိုက်သမန်းထွန်ရက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)