သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူး၍ စာဆိုတော်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူး၍ စာဆိုတော်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။