မွန်ပြည်နယ်

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်း၊ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီက အ.မ.က သာယာကုန်းကျောင်း၌ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာ ရပ်ကွက် (၅) တွင် ဇန်နဝါရီလ (၁၂) ရက်နေ့ ည (၇) နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရာ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် (၇) စီး နှင့် ရေသယ်ယာဉ် (၄) စီးတို့ဖြင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့သည့်အတွက် ည ၇ နာရီ ၃၅မိနစ်အချိန်တွင် လုံးဝမီးငြှိမ်းသွားကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်၌ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံမြို့နယ်တွင် အရွယ်မတိုင်ခင် ကလေးသူငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိမှုမရှိစေရေးအတွက် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ဇန်နဝါရီ ၁၃ ရက်နေ့ နံနက်ပိုင်းက ကုလားတို့ (အမက) ကျောင်းတွင်ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်သည်။

မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက် ဓမ္မဇာလကျောင်းတော်၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက် ဓမ္မဇာလကျောင်းတော်မှ ကြီးမှူးကျင်းပပြုလုပ်သော ပြည်နယ်အတွင်း စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဥ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

မုဒုံမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲဆန္ဒရှင် ပြည်သူများလွတ်လပ်စွာဆန္ဒမဲပေးလျက်ရှိ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၂)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ မဲရုံအသီးသီးတွင်  မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ ဆန္ဒမဲပေးလျက်ရှိသည်။

ဘီးလင်းမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ကျင်းပလျက်ရှိရာ မြို့နယ်အတွင်းရှိ မဲရုံအသီးသီးတို့၌ ယနေ့နံနက် ၆ နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများအေးချမ်းစွာ ဆန္ဒမဲများပေးလျက်ရှိကြောင်း သိရသည်။

ရေးမြို့နယ်၌  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲဆန္ဒရှင်ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏    ၂၀၂၅  ခုနှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို  ယနေ့နံနက်  ၆   နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ  မွန်ပြည်နယ် ရေးမြို့နယ်(လမိုင်းမြို့နှင့်ခေါဇာမြို့)အပါအဝင် မဲရုံ အသီးသီးတွင်  မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာစနစ်တကျ  ဆန္ဒမဲပေးလျက်ရှိသည်။

ပေါင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)တွင် ပြည်သူများလွတ်လပ်စွာ ဆန္ဒမဲပေး

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် နံနက် ၆ နာရီမှ စတင်ကာ နိုင်ငံတစ်ဝှမ်း နေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မွန်ပြည်နယ်ပေါင်မြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်ပျော်ရွှင်စွာဖြင့် စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

လမိုင်းမြို့၌ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ် ရေးခရိုင်၊ လမိုင်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း မဲရုံများတွင် ယနေ့ နံနက်ပိုင်းကစတင်ပြီး မဲဆန္ဒရှင်ပြည်သူ အများအပြား ဆန္ဒမဲပေးလျက်ရှိကြသည်။

သံဖြူဇရပ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲဆန္ဒရှင်ပြည်သူများက ကိုယ်စားလှယ်လောင်းများအားဆန္ဒမဲပေး

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ယနေ့ နံနက် (၆) နာရီမှ စတင်ကျင်းပ လျက်ရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျဆန္ဒမဲပေး လျက်ရှိသည်။
Subscribe to မွန်ပြည်နယ်