မွန်ပြည်နယ်

မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား၊ ဝက်မွေးမြူရေးခြံနှင့် ကန်ဖြူကျေးရွာတွင် ဆောက်လုပ်ခဲ့သည့် လမ်းတံတားနှင့် ဆက်လက်ဆောင်ရွက်မည့် လမ်းနေရာသို

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန် ပေါင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်တွေ့ဆုံ

မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်သည် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပေါင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပေါင်မြို့နယ်၊ သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုကို ပြန်လည်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပေါင်မြို့နယ်တွင် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များ ပြောင်းရွှေ့

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်း၍ သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက နေအိမ် (၇) လုံးတို့အား ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် သူနာပြုအတတ်ပညာနှင့် လူငယ်ကဏ္ဍ လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သားဖွားသင်တန်းကျောင်း (မော်လမြိုင်) တို့ပူးပေါင်းပြီး ရက် (၁၀၀) စီမံချက်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကို ဇွန်လ ၂၄ ရက်နေ့က သားဖွားသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် မော်လမြိုင်မြို့၊ မြဆည်းဆာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တနရိန္ဒ၏ သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနား တက်ရောက်

မော်လမြိုင်မြို့၊ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ မြဆည်းအာ ဘိုးဘွားများ ခိုလှုံရာရိပ်သာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တနရိန္ဒ ၏ သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားနှင့် နဂါးမောက်စေတီတော်မြတ်ကြီး သာသနာ အလုပ်အကျွေးပြု ဆင်တော်မင်္ဂလာ(၅)စင်းမှ စေတီတော်မြတ်ကြီးထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ နဂါးမောက်ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်(ကိုယ်စား)လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

သထုံမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်) ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် သစ်တောဦးစီးဌာနမှပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)ကို ယနေ့နံနက်က ထောင်မှူးကျေးရွာ၊ သုဓမ္မဝတီမြို့သစ်ရှိ ရန်ကုန်-ဘားအံ ကားလမ်းနံဘေး၌ ကျင်းပပြုလုပ်သည်။

ရေးမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ ရေးမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အဘော်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်သည်။

ကျိုက်ထိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်‌ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေခဲ့သည်။

မော်လမြိုင်-ရန်ကုန် လမ်းပိုင်းတွင် ဇူလိုင်(၁)ရက်နေ့မှစတင်ကာ DEMU ရထားတွဲဆိုင်းသစ်ဖြင့် နေ့ချင်းပြန် စတင်ပြေးဆွဲမည်

မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် မော်လမြိုင်-ရန်ကုန်လမ်းပိုင်းတွင် ဇူလိုင်လဆန်းမှစတင်ကာ DEMU ရထားတွဲဆိုင်းသစ်ဖြင့် နေ့ချင်းပြန် ခရီးစဉ်သစ်တစ်ခု တိုးချဲ့ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ချောင်းဆုံမြို့နယ်အတွင်း ကျောင်းဆောင်သစ် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၃ရက်နေ့ မွန်းလွဲပိုင်းက ချောင်းဆုံမြို့နယ်ရှိ အ.မ.က(ကလွီ)၊ (၆၀x၃၀)ပေ၊ RCC(၁)ထပ်၊ အ.လ.က (ခွဲ)ကလော့၊ (၆၀x၃၀) ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ် ကျောင်းဆောင်အား ဖျက်သိမ်း၍ (၉၀x၃၀)ပေ၊ RCC (၁)ထပ် အသစ်၊ အ.မ.က(ရေတွင်းကုန်း)၊ (၆ox ၃၅) ပေ၊ သွပ်မိုး၊ အုတ်ညှပ် (၁) ထပ် ကျောင်းဆောင်အား ဖျက်သိမ်း၍ (၁၀၀x၃၀)ပေ RCC(၂)ထပ်(L) ပုံစံ အသစ်၊ အ.မ.က(ကွမ်လမိုင်း)၊ (၆၀x၃၀)ပေ၊ RCC(၁)ထပ် အသစ် ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
Subscribe to မွန်ပြည်နယ်