သထုံ ဇွန် ၂၆
မွန်ပြည်နယ်၊ သထုံမြို့ရှိ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ငါးဆေးထိုးသားဖောက်ခြင်းနှင့် ရေချိုငါးမွေးမြူရေးသင်တန်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးဌာနမှူး ဦးရဲလွင်သိန်းက သင်တန်းဖွင့်အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်ပေးပြီး သထုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးဝင်း၊ သထုံငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးဝင်းဗိုလ်နှင့် တာဝန်ရှိသူတို့က ငါးများ၏နေထိုင်ကျက်စားမှုဓလေ့၊ ငါးကန်တူးဖော်ခြင်း၊ ကန်အရည်အသွေးပြုပြင်ခြင်း၊ ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်း၊ မျိုးငါးရွေးချယ် ထိန်းသိမ်းခြင်း၊ ရေချိုငါးမျိုးများ လက်တွေ့ဆေးထိုးသားဖောက်ခြင်း၊ ငါးအစာအဟာရနှင့် အစာကျွေးနည်းစနစ်များ စသည်တို့ကို ဆွေးနွေးပို့ချပေးကြသည်။
အဆိုပါသင်တန်းကို ဇွန်လ ၂၆ ရက်နေ့မှစတင်ကာ သုံးရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း (သထုံ) မှ သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)