မော်လမြိုင်မြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲကျင်းပ

မော်လမြိုင် ဇွန် ၂၇

မော်လမြိုင်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း သစ်တောဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အ.လ.က(၃) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖြိုးသက်နိုင်က ဒေသခံပြည်သူ (၂၃၇) ဦးအား သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုး‌ကျေးဇူးများအား လည်းကောင်း၊ တောအုပ်ကြီး ဦးဝင်းလှိုင်က သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာခေါင်းစဥ်ဖြင့်လည်း‌ကောင်း ဆွေးနွေးဟောပြောခဲ့ကြပြီး မှတ်တမ်းဗီဒီယို clip ပြသခြင်းများ ဆောင်ရွက်ကာ တက်‌ရောက်သည့်‌ ကျောင်းသား/သူ များက သိရှိလိုသည့် မေးခွန်းများ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)