မုဒုံမြို့၌ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မုဒုံ ဇွန် ၂၆

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် မုဒုံမြို့နယ် သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းမှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ တောအုပ်ကြီးမှ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသ၍ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

ထို့နောက် ကျောင်းသား/သူများအား မန်ဂျန်ရှား (၅၀) ပင်၊ ကျွန်း (၁) ပင်၊ မဟော်ဂနီ (၃) ပင်၊ အော်ရီရှား (၆) ပင်၊ စုစုပေါင်း (၆၀) ပင်အား ဖြန့်ဝေပေးခြင်းနှင့် စိုက်ပျိုးရန် သရုပ်ပြရှင်းလင်းကာ လက်တွေ့စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)