ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်း ပြုစုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) သို့ တက်ရောက်
ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုတင်ပြရေးကော်မတီဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး ဦးအောင်ချို၊ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုတင်ပြရေးကော်မတီအတွင်းရေးမှူး၊ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။