တီးတိန်မြို့၌ မိခင်နို့တိုက်ကျွေးမှု စံပြမိခင်နှင့် (၂)နှစ်အောက်စံပြကလေးဆုပေးပွဲ အခမ်းအနားပြုလုပ်
ချင်းပြည်နယ်တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့် မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သော မိခင်နို့တိုက်ကျွေးမှုစံပြမိခင်နှင့် (၂)နှစ်အောက်စံပြကလေးများ ဆုပေးအပ်ပွဲကို ဩဂုတ်လ(၂၆)ရက်နေ့က တီးတိန်မြို့ ကုတင် ၁၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။