ဟားခါး ဇူလိုင် ၆
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်ကြီး၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ စစ်ဗျူဟာ ( အခြေချဟားခါး ) မှ စစ်ဗျူဟာမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ “ နမောတဿ ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဟားခါး၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒနတ ပဏ္ဍဝ အရှင်သူမြတ်ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွတ်ဖက်သရဇ္စျာယ် ချီးမြှင့်တော်မူကြသည်။
ထို့နောက် သံဃာတော်များနှင့် သီလရှင်ဆရာကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ စစ်ဗျူဟာ ( အခြေချဟားခါး ) မှ စစ်ဗျူဟာမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဟားခါး၊ ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့၊ ကျောဘုတ် သာသနာပြုကျောင်းတိုက်၏ ဦးစီးပဓာန နာယက အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်ထံမှ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားရုပ်သိမ်းပြီး ရတနာရွှေမိုး ငွေမိုးရွာသွန်းဖြိုးကာ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန် / ဆက် )