ဟားခါး သြဂုတ် ၁၄
၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဟားခါးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ မိုးရာသီအားကစားပွဲတော်ကို ယနေ့ဟားခါးတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနွယ်သင်းနီက တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားကဏ္ဍသည် ဒွန်တွဲနေပြီး အားကစားမှသည် စိတ်ဓာတ်ခိုင်မာမှု၊ စည်းကမ်းရှိမှု၊ အချင်းချင်းချစ်ခင်ရင်းနှီးမှု၊ အများနှင့်စည်းလုံးညီညွှတ်စွာ ပူးပေါင်း ဆောင်ရွက်တတ်မှုတို့ကို ရရှိနိုင်ပါကြောင်း၊ ယခုပြိုင်ပွဲကနေ တက္ကသိုလ်လက်ရွေးစင်များ၊ တက္ကသိုလ်ပေါင်းစုံလက်ရွေးစင်များ၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန် မျှော်လင့်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဟားခါးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ မိုးရာသီအားကစားပွဲတော်တွင် အမျိုးသား ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲ တင်တင်းနစ်၊ အမျိုးသမီး ဘောလီဘော၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများ ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)