ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄ ခုနှစ် ခရစ်တော်မွေးဖွားခြင်း အထိမ်းအမှတ်ဂုဏ်ပြု ဝတ်ပြုဆုတောင်းခြင်းနှင့် မိတ်ဆုံစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄ ခုနှစ် ခရစ်တော်မွေးဖွားခြင်းအထိမ်းအမှတ်ဂုဏ်ပြု ဝတ်ပြုဆုတောင်းခြင်းနှင့် မိတ်ဆုံစားပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်မှူး ဗိုလ်မှူးချုပ် မိုးဟိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ဇနီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ သိက္ခာတော်ရ ဆရာတော်များနှင့် မြို့မိမြို့မများ တက်ရောက်ကြကြောင်း သိရသည်။