ဟားခါးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေး

ဟားခါး သြဂုတ် ၂၃

ဟားခါးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်၊ မြို့နယ်ရုံးဝန်ထမ်းများက ဟားခါးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်နေမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချင်းပြည်နယ် ဦးစီးမှူး ဦးရဲဇင်လက်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ယနေ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်၊ မြို့နယ်ရုံး ဝန်ထမ်းများက ဟားခါးမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၅၃) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)