တီးတိန် ဩဂုတ် ၂၀
ချင်းပြည်နယ်၊ တီးတိန်မြို့၌ မွေးမြူရေးနည်းစနစ်နှင့်တိရစ္ဆာန်ကူးစက်ရောဂါအကြောင်း ပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတာဝန်ခံ ဦးခွါလ်လျန်းမုန်က မွေးမြူရေးစနစ်နှင့်တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း ဟောပြောခဲ့သည်။
ဆက်လက်၍ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထောက်ပံ့သော တိရစ္ဆာန်အစာများအား ရပ်ကွက်/ကျေးရွာအုပ်စု (၆) အုပ်စုမှ မွေးမြူရေးတောင်သူများထံ သို့တာဝန်ရှိသူများကပေးအပ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)