ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က ဟားခါးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေးနေမှုကို ကြည့်ရှု
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပထမပိုင်း ကျင်းပနေမှုနှင့် မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာမဲပေးနေမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က သွားရောက်ကြည့်ရှုသည်။