ချင်းပြည်နယ်

တီးတိန်၌ နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေမိသားစုများ အခြေခံစားသောက်ကုန်များထုတ်ပေး

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ထောက်ပံ့ပေးအပ်‌သောအခြေခံစားသောက်ကုန်များ တီးတိန်မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းများနှင့်အတူ နေမိသားစုများအား ယနေ့နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနား နေဆောင်တွင် တာဝန်ရှိသူများက ထုတ်ပေးဖြန့်‌ဝေပေးလျက်ရှိ ကြောင်းသိရသည်။

တွန်းဇံမြို့၌ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများထောက်ပံ့ပေး

ချင်းပြည်နယ်တွန်းဇံမြို့၌ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား ခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေးသည် ဖလမ်းမြို့ သောက်သုံးရေရရှိနိုင်ရေးဆောင်ရွက်မှုကြည့်ရှုစစ်ဆေး

ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဦးအောင်ကျော်ဌေးသည် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသူရိန်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းလင်းနှင့်အတူ ဖလမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဦးဗန်တွန်းနှင့်တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့နယ်ရှိ လိုင်ဗားရေလှောင်တမံမှဖလမ်းမြို့တွင်းသို့ သောက်သုံးရေရရှိနိုင်ရေး ဆောင်ရွက်နိုင်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်ဦးဆောင်ပြီး ဖလမ်းမြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့် ဦးဆောင်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့်အတူ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇူလိုင်လ ၁၈ ရက်နေ့က ဖလမ်းမြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကုတင် (၂၀၀) ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုကြပါသည်။

တီးတိန်၌နိုင်ငံ့ဝန်ထမ်းများနှင့် ဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ချင်းပြည်နယ် တီးတိန်မြို့၌ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီနှင့် ချင်းပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် တီးတိန်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော နိုင်ငံ့ဝန်ထမ်းများနှင့် ဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝးခန်းမတွင် ပြုလုပ်သည်။

တွန်းဇံမြို့၌ ချင်းပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းအဆိုပြုချက်များ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ မြို့နယ်ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းကိစ္စရပ်များနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ချင်းပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းအဆိုပြုချက်များ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့် ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးနှင့်အတူ ဖလမ်းမြို့၊ ဒေသခံပြည်သူများ၏ နေအိမ်များအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့်အတူ ချင်းပြည်နယ်ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည် ဆောက်ရေးကော်မတီဝင်များ၊လုပ်ငန်းကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်‌ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၁၅ ရက်နေ့က ဖလမ်းမြို့ရှိ အကြမ်းဖက် ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာ ရှင်းလင်းတင်ပြခြင်းသို့တက်ရောက်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေဆိုင်ရာ ရှင်းလင်းတင်ပြခြင်းကို ဇူလိုင်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီ အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ၊ ချင်းပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များဖြစ်ကြ သည့်  ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမျိုးမြင့်သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နေ ရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်း အနားသို့တက်ရောက်

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇူလိုင်လ ၁၄ ရက်နေ့က ချင်းပြည် နယ်၊ ဖလမ်းမြို့၊မြို့တော်ခန်းမ၌နေရပ်စွန့် ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်ပြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနသို့သွားရောက် ကြည့်ရှုအားပေးသည်။
Subscribe to ချင်းပြည်နယ်