တီးတိန်၌နိုင်ငံ့ဝန်ထမ်းများနှင့် ဘေးသင့်ပြည်သူများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

တီးတိန် ဇူလိုင်  ၁၈

ချင်းပြည်နယ် တီးတိန်မြို့၌ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီနှင့် ချင်းပြည်နယ်အစိုးရ၏အစီအစဉ်ဖြင့် တီးတိန်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ကြသော နိုင်ငံ့ဝန်ထမ်းများနှင့် ဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝးခန်းမတွင် ပြုလုပ်သည်။

ဦးစွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

အဆိုပါထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားတွင် အခြေခံစား‌‌သောက်ကုန်ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အိမ်ဆောက်ပစ္စည်းများအား နိုင်ငံ့ဝန်ထမ်းများနှင့် အတူနေမိသားစုများ၊ ဘေးသင့်ပြည်သူ အိမ်ခြေ ၈၅ အိမ် (လူဦးရေ ၄၁၆) တို့အား ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)