ဖလမ်း ဇူလိုင် ၂၁
ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဦးအောင်ကျော်ဌေးသည် ဖလမ်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသူရိန်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းလင်းနှင့်အတူ ဖလမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဦးဗန်တွန်းနှင့်တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၀ ရက် နံနက်ပိုင်းတွင် ဖလမ်းမြို့နယ်ရှိ လိုင်ဗားရေလှောင်တမံမှဖလမ်းမြို့တွင်းသို့ သောက်သုံးရေရရှိနိုင်ရေး ဆောင်ရွက်နိုင်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့မှ မိုင်၂၀ခန့်ကွာဝေးသော တလန်းဇာရ်ကျေးရွာ အနီး၊ လိုင်ဗားရေလှောင် တမံမှဖလမ်းမြို့၊ ဂါလံ(၁)သိန်းဆံ့ပင်မလှောင်ကန် (၄)လုံးသို့ရောက်ရှိ သိုလှောင်ပြီးစီးမှု၊ ရေလှေင်ကန်များမှရပ်ကွက်အလိုက်ရေစုကန်များသို့ အဆင့်ဆင့်ရေဖြန့်ဝေရေး ရေရောက်ရှိမှု၊ ရေစုကန်များမှမြို့ပေါ်ရှိရပ်ကွက်များသို့ ရေဖြန့်ဝေရေးပိုက်လိုင်းများ ဆောင်ရွက်ပြီးစီး မှုတို့ကိုလိုက်လံ ကြည့်ရှုစစ်ဆေးကြပြီး ရပ်ကွက်နေပြည်သူများနေအိမ်သို့ သောက်သုံးရေများရောက်ရှိရေး အမြန်ဆုံးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ရာ တင်ပြချက်များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဖလမ်းမြို့နယ်ရှိ လိုင်ဗားရေလှောင်တမံမှဖလမ်းမြို့သို့ရေပေးဝေသောပိုက်လိုင်းများမှာ အကြမ်းဖက်ဖြစ်စဉ်များကြောင့်ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာ ရေးဝန်ကြီး၏ ကြီးကြပ်မှုဖြင့်ပြန်လည်ထူထောင်ရေးနှင့်နှင့်ပြန်လည်တည်ဆောက်ရေး ကာလ အတွင်းရေရရှိရေးပြုပြင်ဆောင်ရွက်ခဲ့ရာ ၁၉.၇.၂၀၂၆ရက်နေ့တွင်မြို့ပေါ်ရှိ ဂါလံ(၁) သိန်းဆံ့ ပင်မရေလှောင်ကန်(၄)လုံး သို့ရောက်ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်များသို့ ရေဖြန့်ဝေနိုင် ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရိုင်ပြန်ဆက်