တွန်းဇံ ဇူလိုင် ၁၈
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်နိုင်ရန် ပြန်လည်ထူထောင်ရေးလုပ်ငန်းကိစ္စရပ်များနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ချင်းပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လိုသည့် လုပ်ငန်းအဆိုပြုချက်များ ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ယင်းလုပ်ငန်းအဆိုပြုချက်များ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးသိန်းအောင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီဝင်များက ရပ်ကွက်/ကျေးရွာ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများ အပြန်အလှန်ဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ကော်မတီဝင်များသည် မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော အတွင်းလူနာများနှင့် ပြင်ပလူနာများအား နို့ဆီနှင့်သကြားများ ထောက်ပံ့ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)