တွန်းဇံမြို့၌ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများထောက်ပံ့ပေး

တွန်းဇံ ဇူလိုင် ၂၁

ချင်းပြည်နယ်တွန်းဇံမြို့၌ ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား ခြေခံစားကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင် ၂၀ ရက် နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ယင်းသို့ အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ရာ၌ နိုင်ငံ့ဝန်ထမ်း (၆၄၀) ဦးအတွက် ဆန်အိတ် (၂၀၀)၊ စားအုန်းဆီ (၆၄၀) ပိဿာတို့အား ထောက်ပံ့ပေးအပ်ပြီး မိသားစုဝင်များနှင့် ပြည်သူများအတွက် ကုလားပဲ (၁၅၂၀)ပိဿာ၊ ဆား(၁၅၂၀) ထုပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ရာတွင် နိုင်ငံ့ဝန်ထမ်း (၃၆၆) ဦး၊ မိသားစုဝင် (၆၆၂) ဦးနှင့် ပြည်သူ (၄၉၂) ဦး စုစုပေါင်း (၁၅၂၀) ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)