Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းစံမြို့ မိုင်းရှူး - မိုင်းစံ- ကာလိ ကားလမ်းမကြီးတောင်မြေပြိုကျမှုဖြစ်ပွား
Aug 24,2024
ရှမ်းပြည်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မိုင်းရှူး- မိုင်းစံ - ကာလိသွားကားလမ်းမ မိုင်တိုင်အမှတ်(၆၆)ကီလိုမီတာအနီး ကားလမ်းမကြီးပေါ်တွင် ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်ခန့်က တောင်မြေပြိုကျမှုကြောင့် ကားလမ်းများပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ကျင်းပ
Aug 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အမျိုးသမီးဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကို ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံ့စီးပွားမြှင်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်သည့် ဆီထွက်သီးနှံ(မိုးမြေပဲ) စီမံကိန်းသွင်းအားစုလုပ်ငန်းရှင်များကို သွင်းအားစုပစ္စည်းဖိုးငွေပေးချေ…
Aug 24,2024
နိုင်ငံတော်အစိုးရက စားသုံးဆီဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်သည့် ဆီထွက်သီးနှံ(မိုးမြေပဲ) စီမံကိန်းသွင်းအားစုလုပ်ငန်းရှင်များအား သွင်းအားစုပစ္စည်းဖိုးငွေ ပေးချေပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄…
Aug 24,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေးအတွက် ဝါမျိုးစေ့နှင့်နေကြာမျိုးစေ့များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Aug 24,2024
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေးအတွက် ဝါမျိုးစေ့နှင့်နေကြာမျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်သလ္လာခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများနှင့် စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဥပဒေပညာပေးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအခမ်းအနား တက်ရောက်
Aug 24,2024
ဥပဒေပညာပေးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာရေးဆရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 24,2024
ကရင်ပြည်နယ်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နည်းပညာတက္ကသိုလ်(ဘားအံ)ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချ…
Aug 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7294
Page
7295
Page
7296
Page
7297
Current page
7298
Page
7299
Page
7300
Page
7301
Page
7302
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department