နိုင်ငံ့စီးပွားမြှင်တင်‌ရေးရံပုံငွေဖြင့် ဆောင်ရွက်သည့် ဆီထွက်သီးနှံ(မိုးမြေပဲ) စီမံကိန်းသွင်းအားစုလုပ်ငန်းရှင်များကို သွင်းအားစုပစ္စည်းဖိုးငွေပေးချေပွဲ ကျင်းပ

ရမည်းသင်း ဩဂုတ် ၂၄

နိုင်ငံတော်အစိုးရက စားသုံးဆီဖူလုံစေရေးအတွက် နိုင်ငံ့စီးပွားမြှင်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်သည့် ဆီထွက်သီးနှံ(မိုးမြေပဲ) စီမံကိန်းသွင်းအားစုလုပ်ငန်းရှင်များအား သွင်းအားစုပစ္စည်းဖိုးငွေ ပေးချေပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရမည်းသင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းက စိုက်ပျိုးသီးနှံများ အရည်အသွေးကောင်းမွန်စေရန် မြေပဲစိုက်ခင်းများတွင် သွင်းအားစုများ အချိန်ကိုက်အချိုးကျ ထည့်သွင်းသုံးနိုင်ရန် အလေးထားကြရေးနှင့် ဒေသတွင်းစားသုံးဆီဖူလုံစွာရရှိရေး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် ရမည်းသင်းမြို့နယ်အတွင်း မိုးမြေပဲစိုက်ပျိုးသည့် ကျေးရွာအုပ်စု (၁၆)အုပ်စု၊ စိုက်ဧက (၂၇၀၀)၊ တစ်ဧက ကျပ်သုံးသိန်းနှုန်းဖြင့် သွင်းအားစုပစ္စည်းတန်ဘိုးငွေ (၈၁၀၀)သိန်းကို သွင်းအားစုလုပ်ငန်းရှင် အစုအဖွဲ့များအား မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးသန့်တို့က သွင်းအားစုပစ္စည်းဖိုးငွေ ပေးချေခဲ့ကြောင်း သတင်းရှိသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)