အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေမြင့်တက်မှုကြောင့် တောင်ညိုချောင်းရေမြင့်တက်လာကာ ယမန်နေ့ည ၉ နာရီအချိန်တွင် ကျေးရွာများအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Aug 24,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းသားလူငယ်မောင်မယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေလာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြို ကျပန်းစကားပြော​​ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများအား ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Aug 24,2024
မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ လွယ်ဆောင်ကျေးရွာ၌ နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက်ပံ့လှူငွေကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပလုပ်ခဲ့ကြောင်းသိရသည်။
Aug 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေမြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုအတွင်းမှ နေအိမ် ၂၀၀ ခန့်အတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Aug 24,2024
သန်လျင်ခရိုင်မျောက်ကျောက်ရောဂါကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
Aug 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အ.ထ.က သရက်တပင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ သင်ကြားပို့ချခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းယုဇနခန်းမ၌ ကျင်းပခဲ့သည်။