မိုင်းယောင်း ဩဂုတ် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အမျိုးသမီးဖူဆယ်ပြိုင်ပွဲဖွင့်ပွဲကို ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာကော်မတီအတွင်ရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးအောင်မျိုးဦးက ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက ကွင်းအတွင်းသို့ ဘောလုံးကန်ပေးပြီး အဖွင့်ပွဲ ပွဲစဉ်ကိုကျင်းပရာ ဝမ်မွန်(ခ)အသင်းနှင့် DHO အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဝမ်မွန်(ခ)အသင်းက (၅)ဂိုး၊ (၄)ဂိုးဖြင့် အနိုင်ရသွားကြောင်း သိရသည်။
အဆိုပါ အလွတ်တန်းအမျိုးသားဖူဆယ်ပြိုင်ပွဲနှင့် အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို ဩဂုတ် ၂၂ ရက်မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားပြိုင်ပွဲတွင် (၉)သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် (၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)