အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန(ဟင်္သာတ)တို့ ပူးပေါင်းဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာပစ္စည်းများအသုံးပြုနည်း၊ ပြုပြင်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ဟင်္သာတမြို့နယ် အမှတ်(၂)အလတ်စားစက်ပြင်အလုပ်ရုံ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 24,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကျောက်ကျောင်းစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပခဲ့သည်။
Aug 24,2024
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် နေပြည်တော်ကုသရေးဦးစီးဌာနမှဦးဆောင်၍ ပျဉ်းမနားပြည်သူ့ဆေးရုံကြီး(ခုတင်-၂၀၀)ဆေးရုံ၊ တပ်ကုန်းမြို့ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀) ဆေးရုံနှင့် လယ်ဝေးမြို့နယ်ပြည်သူ့ဆေးရုံ(ခုတင်-၁၀၀)ရှိ အထူးကုဆရာဝန်များပါဝင်သောအဖွဲ့သည် ပျဉ်မနားမြို့နယ်၊ ငကောင်းကံကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၊ ဇီးကုန်းအနောက်ပိုင်းကျောင်းတိုက်တွင် ဇီးကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရွာများဖြစ်သော ငကောင်းကံကျေးရွာ၊ မယ်ဇလီကုန်းကျေးရွာ၊ ပြူတွင်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကြံဖိုကျေးရွာ၊ ဝက်စုကျေးရွာ၊ ဇောင်ချမ်းကုန်းကျေးရွာများရှိ ပြည်သူများက လာရောက်ပြသဆေးကုသနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးသည်။
Aug 24,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် Mpox (မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီခန့်က ရန်ကြီးအောင်မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့အခြေချ(ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
Aug 24,2024
ကျောင်းသားလူငယ်များ ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အ‌ကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀:၀၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 24,2024
ကယားပြည်နယ်အတွင်း ဌာနဆိုင်ရာဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး လုပ်ငန်းခွင်တွင် ပျော်မွေ့သော ဝန်ထမ်းများဖြစ်လာစေရန်၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ လုပ်အားစွမ်းပကား တိုးတက်မြင့်မားလာစေရန်၊ လုပ်ငန်းခွင်အတွင်း စိတ်ဖိစီးမှုလျော့နည်းပြီး ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၄ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်) ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။