Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 24,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် “ပန်းခင်းစီမံချက်(၃)” ဖြင့် အသက် (၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကို ယမန်နေ့နံနက်ပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်၌ Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်
Aug 24,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများပူးပေါင်းကာ Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ရွှေစာရံစေတီအနီးရှိ အဝေးပြေးယာဉ်ရပ်နားကွင်းဝန်းကျင်ရှိ လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့နယ်၌ မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် မြို့နယ်အဆင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 24,2024
မော်လမြိုင်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ မြို့နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတင်ယုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းတန်မှ မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 24,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကချင်ပြည်နယ် မသန်စွမ်းသူများအခွင့်အရေး…
Aug 24,2024
ကချင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်ရရှိရေး၊ အားနည်းချက်/ အားသာချက်များနှင့် လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် ရေးသူ၊ ဖတ်သူစာဖတ်ဝိုင်းကျင်းပပြုလုပ်
Aug 23,2024
သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဆရာမကြီးခြယ်မှုန်းသီ ရေးသားသည့် “ကြိုးလေးတစ်မျှင်နှင့် ဘာသာပြန်ဆောင်းပါး၊ ဝတ္ထုများ” စာအုပ်ကို ရေးသူဖတ်သူစာဖတ်ဝိုင်းအဖြစ် ကျင်းပပြုလုပ်ရာ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ၊ စာပေညီအစ်ကို၊ မောင်နှမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်…
Aug 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့ညနေပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်း၌ ကျောင်ကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများနှင့် တစ်ကိုယ်ရည်ကျန်းမာရေးဆိုင်ရာ အလေ့အထများ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် တစ်ကိုယ်ရည် ကျန်းမာရေးစစ်ဆေးခြင်းများကို ယနေ့နံနက်(၁၀) နာရီက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7296
Page
7297
Page
7298
Page
7299
Current page
7300
Page
7301
Page
7302
Page
7303
Page
7304
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department