Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါ (၃၈၈၀)ဧက လျာထားစိုက်ပျိုး
Aug 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ဝါသီးနှံ စသည် သီးနှံများကို စီမံကိန်းသီးနှံအဖြစ် အထွက်နှုန်းကောင်းမွန်ရေး၊ စိုက်ဧကများ တိုးပွားစေရေး တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီး၌ မိုးချည်မျှင်ရှည်ဝါ (၃၈၈၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ကြောင်းနှင့် ချည်မျှင်ရှည်ဝါသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့အ.ထ.က(၁)၌ ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ကျန်းမာရေးဟောပြောပွဲကျင်းပ
Aug 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ
Aug 24,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင် ကျောင်းသားကျောင်းသူများ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် အသိနှင့်ပညာစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းဖွင့်လှစ်ပို့ချပေး
Aug 24,2024
သန်းခေါင်စာရင်းမေးခွန်းပါအကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာကောက်ယူနိုင်ရေး၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အရည်အချင်းပြည့်ဝနိုင်ရေးနှင့် မြေပြင်အခြေအနေနှင့် ကိုက်ညီအောင် အကောင်းဆုံးဆောင်ရွက်သွားနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး တိုင်းဒေသကြီးအဆင့်နည်းပြသင်တန်းကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မန်းတောင်ခြေအားကစားကွင်း၊ သင်တန်းခန်းမတွင် ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့၊ မြို့မရပ်ကွက်ရှိ ငုဝါမြိုင်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်
Aug 24,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့်ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာရေးအဖွဲ့၏ရန်ပုံငွေ(၄၇၁)ကျပ်သန်းဖြင့် မြို့မရပ်ကွက်ရှိ ငုဝါမြိုင်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ မြန်မာ-ထိုင်းနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး
Aug 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာ-ထိုင်းနှစ်နိုင်ငံခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရရိပ်သာတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့်အာဟာရ ချက်ပြုတ်ပြိုင်ပွဲကျင်းပ
Aug 24,2024
၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့် အာဟာရချက်ပြုတ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကဒေါ်မမ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်မီမီစိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့၌ သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူ
Aug 24,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သံဃာတော်များအား ယနေ့နံနက် ၇ နာရီက ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7291
Page
7292
Page
7293
Page
7294
Current page
7295
Page
7296
Page
7297
Page
7298
Page
7299
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department