Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေဘိုမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၃/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ
Sep 06,2024
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဥ် (၃/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင်ကျင်းပရာ အမှတ် (၅) စစ်အုပ်ချုပ်ရေးနယ်မြေစစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Sep 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်တွင် မိုးစပါးအထွက်နှုန်းရရှိရေး စံပြကွက်ဓာတ်မြေဩဇာကြဲပတ်ခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Sep 06,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ပြည်သူများဒေသဝမ်းစာဖူလုံရေးအတွက် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မိုးစပါးစံပြကွက်များအား တောင်သူများမှ ဓာတ်မြေဩဇာစုပေါင်းကြဲပတ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ချောင်းခွကျေိးရွာအုပ်စု ချောင်းခွကျေးရွာ ကွင်းအမှတ်၁၄၁၂ (ခ) တောင်သူဦးစိုးလှိုင်ဦး၏ မိုးစပါးစိုက်ခင်းဧက (၂၀) တွင် ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးခရိုင်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုအားဖြင့် (ဒုတိယ) အကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ
Sep 06,2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၆၀) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုသောအားဖြင့် (ဒုတိယ) အကြိမ်မြောက် တံတားဦးခရိုင် ရဲတပ်ဖွဲ့ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆေးကုသဆောင်၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် ရွာသစ်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီး
Sep 06,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ရွာသစ်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်
Sep 06,2024
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ အောင်သင်း ရေးသားသည့် “ပညာဖြင့်ကန်တော့ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က Book Club ၊ Youth Club အဖွဲ့၀င်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအား (ပထမ) အကြိမ် ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်
Sep 06,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းများအား ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဝင်များသည် ပြင်ဦးလွင်ခရိုင်အတွင်း ဆုယှဉ်ပြိုင်သော အခြေခံပညာကျောင်း ၅ ကျောင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းကို (ပထမ) အကြိမ်အဖြစ် စက်တင်ဘာ (၅) ရက်နေ့က ကျောင်းတစ်ကျောင်းစီအလိုက် ပြိုင်ပွဲအတွက် ပြင်ဆင်ထားရှိမှုများအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာအား လမ်းတိုးချဲ့ပြီး ကတ္တရာများ ခင်းပေး
Sep 06,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနမှ ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာအား လမ်းတိုးချဲ့ပြီး ကတ္တရာများ ခင်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6964
Page
6965
Page
6966
Page
6967
Current page
6968
Page
6969
Page
6970
Page
6971
Page
6972
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department